Showing posts with label ဘာသာရေးဆိုင်ရာ. Show all posts
Showing posts with label ဘာသာရေးဆိုင်ရာ. Show all posts

Friday, April 14, 2017

ရဟန်းကျင့်ဝတ် ၂၂၇ သွယ်သော ဝိနည်းတော် (အကျဉ်းချုပ်)

၂၂၇ သွယ်သော ဝိနည်းတော် (အကျဉ်းချုပ်)
●●●●●●●●●●●●●●
{ပါရာဇိက ၄ ပါး }
၁ ။ မေထုန်မကျင့်ရ
၂ ။ သူတပါးဥစ္စာမခိုးရ
၃ ။ လူမသတ်ရ မသတ်ခိုင်းရ
၎ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ ။
{သံဃဒိသိသ် ၁၃ ပါး }
၅ ။ သုတ်မလွှတ်ရ
၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ
၇ ။ အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်း စကားမပြောရ
၈ ။ မေထုန် အလှူမခံရ
၉ ။ မအောင်သွယ်ရ
၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ
၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ
၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ
၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ
၁၄ ။ သံဃာကို သင်းမခွဲရ
၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ
၁၆ ။ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်
၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ကို မပြုရ ။ ဆုံးမသည်ကို လိုက်နာရမည်။
်{ အနိယတ ၂ ပါး (ပါသံစိတ် သံစိတ်) }

Saturday, August 20, 2016

စတင်ဆွေးနွေးပါပြီ

စတင်ဆွေးနွေးပါပြီ
==========
(မော်လ၀ီဆရာ)
ငါ့တူက အလ္လာဟ်ရှင်မြတ် ရှိခြင်း မရှိခြင်း နဲ့  ၀ိညာဉ် ရှိခြင်း မရှိခြင်းကို ဘယ်လိုများဆွေးနွေးချင်လဲဆိုတာ ဦးလေးကိုပြောပြကြည့်ပါဦး။
(KMMS)
ဟုတ်ကဲ့ပါ ဦးလေး။ အရင်ဆုံး ကျွန်တော်တို့ မဆွေးနွေးခင်မှာ ကြိုတင်ပြီးစကားခံထားရမယ့်အရာတွေရှိပါတယ်။အခုလိုပြောရတဲ့အကြောင်းကတော့ကျွန်တော့်ရဲ့ အတွေ့ 
အကြုံအရလို့ ပဲ ပြောရမှာပါပဲ။ Online မှာ ဘာသာရေးဆွေးနွေးတဲ့အခါ မွတ်စလင်တော်တော်များများက အကြောင်းအကျိုးအရယုတ်တိအရ ရှင်းပြတာတောင် သူတို့ တွေက အရမ်းငြင်းခုံကြတာကိုတွေ့ ရ
လို့ ပါပဲဦးလေး။ ဒါကြောင့် ဦးလေးလို မော်လ၀ီပညာရှင်က ကျွန်တော့်ကိုအပြင်မှာတွေ့ ဆုံပြီး ဘာသာရေးအသိပညာဆွေးနွေးဖို့  ကမ်းလှမ်းတာကိုဝမ်းသာမိပါတယ်။ နောက်တစ်ခုက အပြင်မှာဆွေးနွေးဖို့ ကို ကျွန်တော့်ကလက်ခံတယ်ဆိုတာ ဗဒ္ဓဘာသာအရကြည့်ရင် ဓမ္မကထိကအဆင့်ရှိသူလည်းဖြစ်သလို၊ လူကြီးလူကောင်းတစ်ယောက်ဖြစ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက်
အခုလိုဆွေးနွေးရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဘာသာရေးဆွေးနွေးပွဲကိုစတင်တော့မယ်ဆိုရင် (ပညာရှိဆွေးနွေးခြင်းနဲ့ စစ်သူကြီးဆွေးနွေးခြင်း)ဆိုပြီးပုံစံ ၂ မျိုး ရှိပါတယ် ဦးလေး။ ဦးလေးကိုကျွန်တော်က အရင်မေးပါရစေ။ဘယ်လိုပုံစံနဲ့ ဆွေးနွေးမှာလဲဆိုတာကို ဦးလေးကိုယ်တိုင်ပဲ ရွေးချယ်ပေးစေချင်ပါတယ်။
(မော်လ၀ီဆရာ)
ငါ့တူပြောတဲ့ (ပညာရှိဆွေးနွေးခြင်း နဲ့  စစ်သူကြီးဆွေးနွေးခြင်း) ဆိုတဲ့ပုံစံ ၂ မျိုး အကြောင်းကို ဦးလေးကို ရှင်းပြပေးပါဦးကွယ်။ အရင်ဆုံးဦးလေးဘက်ကသိချင်လို့ ပါ။
(KMMS)
ဟုတ်ကဲ့ ရှင်းပြပေးပါ့မယ် ဦးလေး။ ပညာရှိဆွေးနွေးခြင်းပုံစံဆိုတာတစ်ဖက်လူက (ယုတ်တိရှိရှိ၊ သဘာဝကျကျ၊ လက်တွေ့ အရ၊ အကျိုးအကြောင်းညီညွတ်စွာ ဖြေရှင်းပြပြီး ၊ ရှင်းလင်းချေပပြောဆိုနိုင်ပါလျှင်ဟုတ်တိုင်းမှန်စွာလက်ခံပေးရပါလိမ့်မယ် ဦးလေး။ ထိုပုံစံသည် ပညာရှိများ
လူတော်များ ဆွေးနွေးခြင်းပုံစံဖြစ်ပါတယ်။ နောက်တစ်နည်းက တစ်ဖက်လူက ပြောလိုက်တဲ့စကားတစ်ခွန်းသည် မိမိခံယူထားသော ယုံကြည်ချက်နဲ့ လွဲမှားနေတဲ့အတွက်၊ မိမိအယူအဆနဲ့ မကိုက်ခြင်း၊ အယူအဆမတူခြင်းများရှိသည့်အတွက် မိမိနှင့်မိမိယုံကြည်သော ဘာသာတရား၊ ဘုရားရှင်များကိုစော်ကားနေပါတယ်လို့ စိတ်ထဲမှာခံယူပြီး၊ (အမျက်ဒေါသထွက်ခြင်း၊ မချေမငံပြန်လည်ပြောဆိုခြင်း၊ တစ်ဖက်လူမှ အကျိုးသင့်အကြောင်းသင့် ယုတ်တိရှိရှိပြောဆိုနိုင်ပါသော်လည်း မိမိဘက်မှ အမှန်ကိုဝန်မခံနိုင်ဘဲ တစ်ယူသန်ကာငြင်းဆိုခြင်း) စသည့်ပုံစံမျိုးဟာ စစ်သူကြီးဆွေးနွေးခြင်းပုံစံပဲ ဖြစ်ပါတယ်။

Monday, March 14, 2016

ကျောက်စာများက ပြောသော အသောကမင်းကြီး (အပြည့်အစုံ)

 ကျောက်စာများက ပြောသော အသောကမင်းကြီး (အပြည့်အစုံ)

 ကျောက်စာများက ပြောသော အသောကမင်းကြီး (အပြည့်အစုံ)
===========================================
ကျောက်စာ နံပါတ် (၁၃) မှာ ရေးထိုးထား တဲ့ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့ သာသနာပြု အဖွဲ့တွေ စေလွှတ်ရာ ဌာနဖြစ်တဲ့ အနောက်နိုင်ငံတွေက ဘုရင် (၅) ပါးရဲ့အမည်တွေကိုအခြေခံပြီး အသောက ဘုရင်ရဲ့ နန်းစံနှစ်ကိုဘီစီ ၂၆၈ - ၂၃၂ လို့ ခန့်မှန်းကြပါတယ်အဲဒီဘုရင်(၅)ပါးရဲ့အမည်ထဲမှာအီဂျစ်ဆီးရီးယားနဲ့မက်ဆီဒိုးနီးယားက ဘုရင်တွေပါတယ်။ အသောက ဘုရင် နန်းစံ တဲ့ သက်တမ်းကို အဲဒီ ဘုရင် (၅) ပါးရဲ့ နန်းစံနှစ်တွေကနေ ခန့်မှန်းကြတာ ဖြစ်တယ်။ ဒီ ခန့်မှန်းချက်ဟာ ၂ နှစ်ကနေ ၁၀ နှစ် လောက်တော့ မှား ချင်မှား သွားနိုင်တယ်။ ရှေးအင်ဒီးယန်းတွေဟာသမိုင်းနှစ်ကာလမှတ်တမ်းတွေကိုမှတ်လေ့မရှိကြတော့ယခုတွက်ချက်ခန့်မှန်းထားတဲ့နှစ်နဲ့ဘဲ အိန္ဒိယ ရှေးဟောင်း သမိုင်းကို ခုနှစ် စဉ်ကြည့်ကြရတယ် ။ သီဟိုဠ် သမိုင်းကျမ်းဖြစ်တဲ့ ‘’မဟာဝံသ’’ က အသောကဘုရင်ရဲ့ နန်းစံနှစ်ကို (၃၇) နှစ်လို့ ပြောထားပြီး၊ ‘’ပုရာမ်’’ ကျမ်းကတော့(၃၆) နှစ်လို့ ဖော်ပြထားပါတယ်။အသောကဘုရင်လက်ထက်အတွင်းက ရေးထိုးခဲ့တဲ့ကျောက်စာ တွေဟာ အဲဒီ ခေတ်ကာလ ကို ခန့်မှန်းတွက်ချက်ဖို့အတွက် ခိုင်မာတဲ့ သက်သေအထောက်ထားတွေဖြစ်တယ်။ ဒီကျောက်စာတွေ အပြင် သီဟိုဠ်မှာ မှတ်တမ်းတင်ထားတဲ့ ‘’မဟာဝံသ၊ ဒီပ၀ံသနဲ့ သမန္တပါသာဒိကာ’’ ကျမ်းတွေကို လည်း တိုက်ဆိုင်ကြည့်ကြရတယ်။ ပြီးတော့ မြောက်ပိုင်း ဗုဒ္ဓဘာသာ ကျမ်းတွေဖြစ်တဲ့အသောကရာဇ၀ဒါန’’၊‘’အသောကရာဇသုတ္တ’’နဲ့‘’ဒိဗျာဝဒါန’’ကျမ်းတွေနဲ့လည်းနှိုင်းယှဉ်တွက်ချက်ကြည့်ရပါတယ်။
အစဉ်အလာ သမိုင်းအရတော့ အသောက ဘုရင်ဟာ ငယ်ရွယ်စဉ် အခါတုန်းက အလွန်ကြမ်းတမ်းခက်ထန်တယ်၊ လူအသက်ပေါင်းများစွာ သတ်ခဲ့တယ်၊ နောက်ပိုင်း ဗုဒ္ဓဘာသာဝင် ဖြစ်သွားတဲ့အခါအလွန်ယဉ်ကျေးသိမ်မွေ့သွားပြီး ပြည်သူပြည်သားတွေကို မေတ္တာ ကရုဏာနဲ့ အုပ်ချုပ်ခဲ့ လို့ သူဟာ ‘’ဓမ္မာသောကဘုရင်’’လို့ ထင်ရှားသွားတယ်၊ စသည်ဖြင့် ဖြစ်ပါတယ်။
အသောကဘုရင်ရဲ့

Wednesday, January 6, 2016

(ရွှေကြာပွင့်စေတီတော်) တွင် ဒါနမျိုးစေ့ကို စိုက်ပျိုးကြသူ အလှူရှင်များစာရင်း




ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုန်းတန်းကြိမ်ချောင်းကျေးရွာတွင် ရခိုင့်ဟန် ရခိုင်မူဖြင့် တည်ထားပူဇော်မည် (ရွှေကြာပွင့်စေတီတော်) တွင် ဒါနမျိုးစေ့ကို စိုက်ပျိုးကြသူ အလှူရှင်များစာရင်း
၁။ ဦးစံထွန်းသာ ( ၁.၀၀၀.၀၀၀) ဆယ်သိန်းကျပ် ။
ကုန်းတန်းကြိမ်ချောင်းကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်။
၂။ ဦးမောင်ဖြူ ( ၂၀၀.၀၀၀) ကျပ် နှစ်သိန်း
အမှတ်(၁၂၁) ပထမထပ် (၄၁)လမ်း ဗိုလ်တထောင်၊ ရန်ကုန်
၃။ ဦးထွန်းမြိုင် (၁၀၀.၀၀၀) တစ်သိန်းကျပ်
ရူပမြောက် ၊ လမ်းမကြီး၊ စစ်တွေမြို့

နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။





နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
---------------------------------------------
( 6-1-2016 - 3း50 PM)
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုန်းတန်းကြိမ်ချောင်းကျေးရွာတွင် ရခိုင့်ဟန် ရခိုင်မူဖြင့် တည်ထားပူဇော်မည် (ရွှေကြာပွင့်စေတီတော်) အမြင့် (၁၈) ပေခန့် ရှိမည်ဖြစ်သော ရွှေကြာပွင့်စေတီ တော် စေတီတည်ထား ပူဇော်ရာတွင် ထာရ၀အလှူ ဒါနမျိုးစေ့ချလိုသူ များအနေဖြင့် မိမိနိုင်ရာ ကို ပစ္စည်းအားသော်၎င်း၊ ငွေအားသော်၎င်း ပါဝင်လှူဒါန်းနိုင်ပါကြောင်း (ရွှေကြာပွင့်စေတီတော်)တည်ဆောက်ရေးကော်မတီ ဂေါပကမှ အကူအညီ တောင်းခံ လာသောကြောင့် အများပြည်သူတို့အား နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်ကာ သတင်းကောင်းပါအပ်ပါသည်။

အလှူပါဝင်နိုင်သော ပစ္စည်းများ
====================
1/ ဓါတ်တော်မွေတော်များ၊
2/ အုဋ် (၁)ချပ် ငွေ တစ်ရာကျပ်
3/ ဘိလပ်မြေ (၁)အိတ် ရွာအရောက် (၁၀၀၀၀) ကျပ်
4/ သဲ (၁) ကျင်း ( ၃၀၀၀၀)ကျပ်
5/ ကျောက်စရစ် ( ၁)ကျင်း (၆၀၀၀၀) ကျပ်
6/ ကြွေပြားတစ်ချပ် (၁’x၁’) ပတ်လည် (၅၀၀) ကျပ် တို့ဖြင့် ပါဝင်လှူဒါန်းလိုသူများ အောက်ပါဖုန်းနံပါတ်များသို့ လှူဒါန်းနိုင်ပါကြောင်း

ဦးစံထွန်းသာ (ကုန်းတန်းကြိမ်ချောင်းရွာ- ပုဏ္ဏားကျွန်းမြို့နယ်၊) ဖုန်း-09250767551
ဦးမောင်ဖြူ (ရန်ကုန်) 0951 22182

Saturday, June 27, 2015

... မွတ်စလင်များဟာ့ဂ်ျသွားလုပ်တဲ့ မက္ကာမြို့က အထွက်အမြတ်ထားတဲ့ခြေရာက အလာခြေရာမဟုတ်ဘဲ - ဂေါတမမြတ်စွာဘုရားရဲ့ဗျာဒိတ်တော်နဲ့ချတဲ့ခြေရာဖြစ်နိုင်သလား...???


### ဖတ်ကြမှတ်ကြ ကုလားတွေ - ###
===============================

... မွတ်စလင်များဟာ့ဂ်ျသွားလုပ်တဲ့ မက္ကာမြို့က အထွက်အမြတ်ထားတဲ့ခြေရာက အလာခြေရာမဟုတ်ဘဲ -
ဂေါတမမြတ်စွာဘုရားရဲ့ဗျာဒိတ်တော်နဲ့ချတဲ့ခြေရာဖြစ်နိုင်သလား...???

... ရေးသူ -ikeda zman (ငှက်ကြီး) ------------------------------------------------------------------------------------------------

... ကဲံကဲကဲ - ဘာမှခေါင်းစဉ်ဖတ်ပြီး ဒွိဟဖြစ်မနေနဲ့ -

... ဗုဒ္ဓ မြတ်စွာဘုရား မရှိတော့သည့်နောက်မှ စရေလျင် -နှစ်၆၀၀ အကြာမှ ခရစ်တော်ပေါ်သည်။

... တချို့က - ဗုဒ္ဓ ကခရစ်ထက်နှစ်၃၀၀သာစောသည်ဟုပြောသော်လည်း -မနေ့တနေ့ကပင် ကမ္ဘာ့ သတင်းဌာနများမှ နီပေါတွင်ရှေးအကျဆုံး ဗုဒ္ဓ ကျောင်းတော်ကိုတွေ့ကြောင်း ..... /

... ခရစ်တော်မပေါ်ခင်နှစ်၆၀၀ကျော်လောက်က ဖြစ်နိုင်ကြောင်း.....ခေတ်မီနည်းပညာများနဲ့စမ်းသပ်မူအရ ပြောကြသည်။

... (မှတ်ချက် - ထိုသူများသည် ခရစ်ယာန်ဘာသာဝင်များဟုသိရသဖြင့် -ဗုဒ္ဓ ဘက် လိုက်ပြီးပြောခြင်းမဟုတ်ပါ။ဒီခေတ်ကြီးမှာ သမိုင်းကိုလိမ်လို့မရတော့ပါ) ။

... ဗုဒ္ဓ မရှိတော့သည့်နောက် နှစ် ပေါင်း ၆၂၂ (ထိုအချိန်တွင် ယေရူပေါ်နေပြီ)တွင်
မဟာယာန ဗုဒ္ဓဘာသာပေါ်လာသည် ။

Sunday, May 24, 2015

အိမ်ဖြူတော်တွင် ကျင်းပသောဗုဒ္ဓဘာသာ ခေါင်းဆောင်များ ထိပ်သီးညီလာခံတွင် နိုင်ငံတကာ မီဒီယာများမှ ဗုဒ္ဓဘာသာ ရဟန်းတော်များအပေါ် မှေးမှိန်အောင် ရေးသားဖေါ်ပြနေခြင်းကို တညီတညွတ်တည်း ပြစ်တင်ရှုတ်ချ



=======================================

ခိုင်ဘခင်/ နယူးယောက်၊ မေလ ၂၃
အမေရိကန် သမ္မတ အိမ်ဖြူတော်တွင် ပထမ ဆုံးအကြိမ် ကျင်းပ ပြုလုပ်သော ဗုဒ္ဓဘာသာခေါင်းဆောင်များ ထိပ်သီးညီလာခံမှ နိုင်ငံတကာ မီဒီယာများမှ ဗုဒ္ဓဘာသာ ရဟန်းတော်များအပေါ် မှေးမှိန်အောင် ရေးသားဖေါ်ပြနေခြင်းကို တညီတညွတ်တည်း ပြစ်တင်ရှုတ်ချလိုက်သည်ဟု သတင်း ရရှိသည်။
ဗုဒ္ဓဘာသာခေါင်းဆောင်များ နှင့် ဗုဒ္ဓဘာသာကို လေ့လာလိုက်စားသူပညာရှင်များ ၁၃၀ ကျော်တို့ အား အိမ်ဖြူတော်သို့ ဖိတ်ကြား၍ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတရပ်ကို ၂၀၁၅ ခုနှစ် မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

Thursday, January 29, 2015

မပျက်စီးသော ရဟန္တာသူတော်မြတ်များ၏ ရုပ်ကလာပ်များ








မပျက်စီးသော ရဟန္တာသူတော်မြတ်များ၏ ရုပ်ကလာပ်များ
St. Cecilia မှာ လူသိများသည့် ပထမဆုံးသော ရုပ်ခန္ဓာကိုယ် မပျက်စီးသော ရဟန္တာတစ်ပါးဖြစ်ပြီး အခြားမပုပ်သိုး မပျက်စီးသော ရဟန္တာရုပ်ကလာပ်များကို ကမ္ဘာပေါ်ရှိ နေရာများစွာတွင်တွေ့နိုင်ပါသည်။ စာရင်းအရ အဆိုပါမပျက်စီးသော သူတော်စင်များ၏ ခန္ဓာရုပ်ကလာပ်အားလုံးမှာ ၂၅၀ ပါးကျော်ရှိသည်ကိုသိမှတ်ရပါသည်။ မံမီများကဲ့သို့ ဆေးစီရင်ထားခြင်းမရှိ သဘာဝအတိုင်း အစစ်အမှန်အခြေအနေတွင် ထားရှိသောရဟန္တာရုပ်ကလာပ်များသည် သာမာန်လူများကဲ့သို့ ပုပ်ပွ ပျက်စီးခြင်းမရှိဘဲ နှစ်၁၀စုများစွာသာမက ရာစုနှစ်များစွာပင်မက ထောင်စုနှစ်ပင် ကြာသည့်တိုင် ယခုထိ မပျက်မစီးရှိနေဆဲဖြစ်ပါသည်။ အများစုသော ရုပ်ကလာပ်များမှ မွေးသော၊ သဘာဝမဟုတ်သော ရနံ့များပေးရုံမက အချို့ဆိုလျှင် သိပံ္ပနည်းပညာများဖြင့် ရှင်းမပြနိုင်လောက်သည်အထိ သွေး၊ အဆီများ ထွက်သည်အထိရှိပါသည်။

Wednesday, November 19, 2014

ရခိုင်နှင့် သီရိလင်္ကာ သာသနာဆက်သွယ်မှု


XXXXXXXXXXXXXXXXXXXXXXXXXX

မောင်ဖြူ (ကြွီတဲကျွန်း)

18.11.2014

ဓည၀တီခေတ်၊ ဝေသာလီကျောက်လှေကားခေတ် ၊ လေးမြို့ခေတ်၊ မှ မြောက်ဦးခေတ်ထိ ရှေးးခေတ်ရခိုင်ပြည်နှင့် သီရိလကာင်္တို့သည် ချစ်ကြည်ရင်းနှီးစွာရှိခဲ့ကြောင်းကို ရခိုင်ပြည် နှင့် သီရိလင်္ကာတို့မှ ထေရ၀ါဒ ရဟန်းတော်များ အပြန်အလှန့် အားဖြင့် သာသနာပြုခဲ့သည့် သာသနာမှတ်တမ်းများက သက်သေခံနေသည်။ ရှေးခေတ်ရခိုင်ပြည်မှ သီရိလင်္ကာသို့ သာသနာပြု ခရီးများ၊ သီရိလင်္ကာမှ ရခိုင်ပြည်သို့ သာသနာပြုခရီးများ ရှိခဲ့သည်ကို နာဂဂျူနီဂွန်ဒါကျောက်စာအရ၄င်း၊ မေဓပညာမော်ကွန်းတွင်၎င်း၊ ရမ်းဗြဲတောင်ကျေုာင်းဆရာတော် ရေး ရခိုင်ရာဇ၀င်သစ်ကျမ်း) တွင်လည်းကောင်း၊ ၀ါးကျောင်းဆရာတော် ဦးပဏ္ဍိဆရာ ရေး ဥတေနလင်္ကာနိဂုံးတွင်လည်းကောင်း၊ ရေးသားထားသည်ကို တွေ့ရှိရပေသည်။၎င်းတို့မှာ

Saturday, July 19, 2014

မြတ်ဗုဒ္ဓသာသနာ၏ သင်္ဂါယနာများ


မြတ်ဗုဒ္ဓသာသနာ၏ သင်္ဂါယနာများ

ပထမသင်္ဂါယနာ
xxxxxxxxxxxx

ပထမ သင်္ဂါယနာ တင်သည့် ခုနှစ် - သာသနာနှစ်-ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့် (၄)ရက်
မဟာသက္ကရာဇ် ၁၄၈ ခုနှစ် (၅၄၄ဘီစီ)
ပထမ သင်္ဂါယနာ တင်သည့်နေရာ - မာဂဓတိုင်း  ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ
အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(၀ိနည်း)နှင့် ညီတော်အာနန္ဒာ (သုတ္တန်နှင့် အဘိဓမ္မာ)
ပထမ သင်္ဂါယနာ တင့်ခဲ့ကြသည့် သံဃာဦးရေ - ရဟန္တာပေါင်း (၅၀၀)
ဥပသကာ အထောက်အပံ့ပြုသည့် ဘုရင်မင်း -         အဇာတသတ်မင်း
ပထမ သင်္ဂါယနာ တင်ရာတွင် ကြာမြင့်ချိန်   (၇) လ
ပထမ သင်္ဂါယနာ တင်သည့်ဘာသာ -        ပါဠိဘာသာ
ပထမ သင်္ဂါယနာ တင်သည့်အက္ခရာ -       နှုတ်ထက်အက္ခရာ

Thursday, May 22, 2014

ရခိုင်သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော မေဓပညာမော်ကွန်းလင်္ကာ





မေဓပညာဆိုသည်မှာ AD (7) ရာစု ဝေသာလီကျောက်လှေကားခေတ်တွင် ထင်ရှားသော ပညာ ရှိအမတ်ကြီးတစ်ဦးဖြစ်သည်၊ ရခိုင်တို့၏ ပထမဆုံး(သို့) မဇ္ဈိမဒေသ၏ စတုတ္ထအကြိမ် ပါဠိဘာသာဖြင့် သင်္ဂါယနာ တင်ခြင်းကို မှတ်တမ်းတင်ရေးသား သီကုံးသူဖြစ်သည်။ တစ်ချိန်တည်းတွင် သင်္ဂါယနာ တင် မင်းက သက္ကရာဇ်ဖြိုခြင်း ကိုလည်း လင်္ကာဖြင့် မှတ်တမ်းတင်ဖေါ်ပြခဲ့သူဖြစ်သည်။
မေဓပညာမော်ကွန်းလင်္ကာ

ကမ္ဘာစဉ်လာ ၊ ဓမ္မာတာဖြင့် ၀ိဒွါသမုတ်၁ ၊ စတုယုဂ်ကိန်း၂ ၊ လေးသိန်းနှစ်သောင်း၊ နှစ်ထောင် ဆောင်းအယ့်။ နှစ်ပေါင်းကိုချုပ်၊ ကလိယုဂ်တည့်၃ ။  ထိုယုဂ်နှစ်ပြန်၊ ဒွါပရန်၎ ဟု၊သုံးပြန်တြေတာ၅၊ လေးဖြာကတ၆၊ ပေါင်းကြလေးထပ်၊ ရွှီးအပ်သိမှု ၊ အအဥအီ၊ ရာဂီဘြု၇ ၊ ဂဏန်းစုဖြစ်၊ ထိုနှစ် အ ပေါင်း ခေါက်ပြောင်းပြန်လှန်၊ကပ်ဆုံးလွန်အောင် လူ့ ဘောင့်ပွားဆုတ်၊ လေးပါးယုဂ်တွင်၊  အယင် ကတ၊ ဓမ္မသစ္စာ၊ ပြည့်လာဥဿုံ၈၊ကောင်းကိန်းကြုံအယ့်။ သုံးပုံတြေတာ ၊ ယုတ်မာတခု၊ ကောင်းမှု သုံးဖြာ၊ ဒွါပရာစက်၊တ၀က်ကောင်းဆိုး၊ တစ်မျိုးကလိ၊ အသိဧက၊ သုံးဝချွတ်ယွင်း၊ တရားကင်း အယ့် ။ ယင်းကလိသက်၊ထိုနှစ်ထပ်မှာ ဂိက္ခာဂိက္ခ၉ ၊ ဂဏန်းကျခါ၊

Saturday, April 19, 2014

" ဗုဒ္ဓဘာသာကိုဖျက်ဆီးမဲ့ အန္တရာယ် '' :::::::: ``မိဂဒါဝုန်´´ကို မူဆလင်များ ဖျက်ဆီးခဲ့ပုံ



::::::::: Yekaung Mahar Kyawswar ::::::
=========================
```အပိုင်း ((((( ၁ )))))
မူဆလင်တွေဟာ ဗာရာဏသီမြို့တွင်းမှာ ရက်စက်ယုတ်မာလှစွာဖျက်ဆီးခဲ့ပြီး သောမူဆလင်စစ်သားတွေဟာ ''မြတ်စွာဘုရားရှင်ဓမ္မစကြာတရားဦးဟောတော်မူရာ မိဂဒါဝုန်ကိုတဟုန်ထိုးချီတက်လာပြီး ကျောင်းကန် ''စေတီများစတဲ့အဆောက်အဦးတွေကိုရက်ရက်စက်စက် ထပ်မံပြီးစတင်ဖျက်ဆီးခဲ့ပါတယ်။၎င်းတို့ဖျက်ဆီးမှု့ကြောင့်များပြားလှတဲ့စေတီပုထိုး ကျောင်းကန်တွေဟာ လက်ရှိအခြေအနေကိုဆိုက်ရောက်ခဲ့ရပါတယ် ။
( A Guide to Buddhist ruins of Sarnath. By Daya Ram Sahni, MA., Director General of Archaeology in India), Page No.5.
မစ္စတာဒယာရာမ်ရှဟနီအမ်အေ ရဲ့ မိဂဒါဝုန် လမ်းညွှန်လို့ခေါ်တဲ့စာအုပ် စာမျက်နှာ ၅ မှာ ရေးသားထားဒီလိုရေးထားပါတယ်။
The monastic settlement of samath cotinued in use until the end of the 12th centurv when it was devastated in 1194 A.D. by Mohammed Ghory when his general Qutb-ud din defeated Jaya Chandra, the Rajaof Benares, and destoryed a Large number of temples and images.
မိဂဒါဝုန် ရှိကျောင်းတော်များကို ခရစ်နှစ် ၁၂ ရာစုကုန်ကာနီးဖြစ်သော ၁၁၉၄ -ခုနှစ်ထိ ဆက်လက်အသုံးပြုခဲ့လေသည်။ ၎င်းနှစ်တွေမှာပဲ မိုဟာမက်ဂေါ်ရီ ၏ ဗိုလ်မူးကြီးတဦးဖြစ်သူ ကုတ်ဘွဒ္ဒိန်ဟာ ဗာရာဏသီ ဘုရင် - ဘုရင်ဇယချန္ဒရ မင်းအားသတ်ဖြတ်ပြီး များစွာသော စေတီများ ကျောင်းများ နှင့် ရုပ်တု တော်များကိုဖျက်ဆီးပစ်သည်တိုင်အောင်ဖြစ်ပါတယ် ။
( ဆိုလိုရင်းမှာ- ဇယချန္ဒရမင်းကျဆုံးပြီးတဲ့နောက် မူဆလင်တို့ဖျက်ဆီးသော အဆောက်အဦးများစွာတို့တွင် မိဂဒါဝုန်အဆောက်အဦး များစွာလဲပါဝင်တယ် လို့ဆိုလိုပါတယ်)

Sunday, March 30, 2014

နှိုက်နှိုက် ချွတ်ချွတ် မေးတတ်လွန်းပြီး မတင်မချင်း အမြဲ ဂျီကျနေတတ် တဲ့ မောင်လေးညီမလေးတွေ တောင်းဆိုထားတဲ့ ... မြင်းမိုရ်တောင် အကြောင်းပါရှင်။


( နင် တို့ဘာသာဝင်တွေကို ဘာသာခြားတွေ လာလာမေးတိုင်းအခက်တွေ့စေတဲ့မေး ခွန်းပေါ့ .... ဒေါက်တာမင်းတင်မွန်ကတော့ အဌကထာတွေကိုလွဲချထားပါတယ် ....) ဖတ်ကြည့်ရှင် ...။
ဗြဟ္မဏ ၀ါဒ ဖြစ်တဲ့ ဟိန္ဒူ နဲ့ ဂျိန်းဘာသာ မဟာဘာရတ္တ ကျမ်းမှာတော့
မေယု ဆိုတဲ့ မြင်းမိုရ် တောင်ကို သက္ကတ ဘာသာနဲ့ သုမေရု၊ မဟာမေရု ခေါ်ပြီး မြင်းမိုရ်တောင်မှာ နတ်ပြည် အထပ်ထပ် ရှိနေပြီး ဂန္ဓမာ ဒန (Gandhamadana) နဲ့တစ်ကွ တောင်စဉ် ( ၇ ) သွယ် ကျွန်းကြီး လေးကျွန်း နဲ့ ဂင်္ဂါ (Ganga) မြစ် တို့ရှိကြောင်း ဖေါ်ပြထားတာကို တွေ့နိုင်ပါတယ် ... မြင်းမိုရ် တောင်ကို ဗဟိုပြုပြီး နေလ နက္ခတ် တာရာများ သွားလာ လည်ပတ် လျှက် ရှိသည် တဲ့
http://en.wikipedia.org/wiki/File:Mount_Meru.jpg
ဘူတန် လူမျိုးတွေရဲ့ မြင်းမိုရ် တောင်လည်း ဒီသဘော အတိုင်းပင်ပါပဲ http://en.wikipedia.org/wiki/File:Bhutanese_thanka_of_Mt._Meru_and_the_Buddhist_Universe.jpg
ဂျပန် လူမျိုးတွေက တော့ (Shumisen) ဟု ခေါ်ဝေါ်ကြပါတယ် ကောင်းကင်၊ ငရဲ နှင့် လူ့ပြည်တို့ ကို ဆက်သွယ်ထားတယ် လို့ ယုံကြည်ခဲ့ကြပါတယ် ...။

Thursday, January 23, 2014

မြန်မာနိုင်ငံ၏ ပိဋကတ် သုံးပုံဆောင် ဆရာတော် (၁၃)ပါး။

==============================
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကို ၁၉၄၈ ခုနှစ်မှ ၂၀၁၃ အထိ ၆၅ ကြိမ်မြောက်ကျင်းပခဲ့ရာ ပိဋကတ် သုံးပုံကို အာဂုံ၊ ရေး၊ဖြေ အောင်မြင်တော်မူသည့် သံဃာတော် ၁၂ ပါး ပေါ်ထွန်းခဲ့ပါ သည်။ ပိဋကတ် သုံးပုံကို အာဂုံဆောင် ရဟန်းတော်များကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် “သုတဗုဒ္ဓ”ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

အာဇာနည်သံဃာတော်မြတ် ၁၃ ပါး အောင်မြင်ခဲ့သည့်အကြောင်း အကျဉ်း မှာအောက်ပါအတိုင်းဖြစ်သည်။

၁။ အရှင်ဝိစိတ္တသာရာ ဘိဝံသ
(မြင်းခြံ)ဓမ္မနာဒကျောင်းတိုက်၊မင်းကွန်း၊စစ်ကိုင်း။
၁၃၁၂-ခု၊တတိယအကြိမ် သက်တော်(၃၉)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၁၅-ခု၊ဆဋ္ဌမအကြိမ် သက်တော်(၄၂)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။(စံလွန်တော်မူပြီး)
=================================
၂။ အရှင်နေမိန္ဒ(မြိုင်)မဟာဝိသုကာရာမတိုက်၊ပခုက္ကူမြို့။
၁၃၁၆-ခု၊သတ္တမအကြိမ် သက်တော်(၂၇)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၂၁-ခု၊(၁၂)ကြိမ် သက်တော်(၃၂)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။(စံလွန်တော်မူပြီး)
=================================
၃။ အရှင်ကောသလ္လ (ပြည်)၊ပွင့်လှသိမ်ကုန်းကျောင်းတိုက်၊ပြည်မြို့။
၁၃၁၇-ခု၊အဋ္ဌမအကြိမ် သက်တော်(၂၈)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၂၅-ခု၊(၁၆)ကြိမ် သက်တော်(၃၆)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။(စံလွန်တော်မူပြီး)
=================================
၎။ အရှင်သုမင်္ဂလာလင်္ကာရ(၀က်လက်)၊မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်၊ဗဟန်း။
၁၃၃၀-ခု၊(၂၁)ကြိမ် သက်တော်(၂၂)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၃၅-ခု၊(၂၆)ကြိမ် သက်တော်(၂၇)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။(စံလွန်တော်မူပြီး)
==================================
၅။ အရှင်သိရိန္ဒာဘိဝံသ(ဂန့်ဂေါ)(ယောဆရာတော်)၊မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်၊ဗဟန်း၊ရန်ကုန်။
၁၃၃၂-ခု၊(၂၃)ကြိမ် သက်တော်(၂၈)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၄၆-ခု၊(၃၇)ကြိမ် သက်တော်(၄၂)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။
==================================
၆။ အရှင်ဝါယာမိန္ဒာဘိဝံသ(ရေစကြို)၊မဟာဝိဟာရကျောင်းတိုက်၊ဓနုဖြူမြို့။
တိပိဋကနိကာယကျောင်းတိုက်၊မိုးမိတ်ကုန်းမြေ၊မင်းကွန်း၊စစ်ကိုင်း။
၁၃၄၀-ခု၊(၃၁)ကြိမ် သက်တော်(၂၃)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၅၆-ခု၊(၄၇)ကြိမ် သက်တော်(၃၉)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။
===================================
၇။ အရှင်သီလက္ခန္ဓာဘိဝံသ(မော်လမြိုင်ကျွန်း)၊ရွာမ ပရိယတ္တိစာသင်တိုက်၊အင်းစိန်။
တိပိဋကနိကာယကျောင်းတိုက်၊မိုးမိတ်ကုန်းမြေ၊မင်းကွန်း၊စစ်ကိုင်း။
၁၃၄၇-ခု၊(၃၈)ကြိမ် သက်တော်(၂၂)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၆၁-ခု၊(၅၂)ကြိမ် သက်တော်(၃၆)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။
===================================
၈။ အရှင်ဝံသပါလာလင်္ကာရ (မြင်းမူ)၊ပဇ္ဇောတာရုံကျောင်း၊လောကမှန်ကင်းတိုက်၊မန္တလေး။
တိပိဋကနိကာယကျောင်းတိုက်၊မိုးမိတ်ကုန်းမြေ၊မင်းကွန်း၊စစ်ကိုင်း။
၁၃၄၇-ခု၊(၃၈)ကြိမ် သက်တော်(၂၀)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၆၁-ခု၊(၅၂)ကြိမ် သက်တော်(၃၄)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။
===================================
၉။ အရှင်ဂန္ဓမာလာလင်္ကာရ (မြင်းခြံ)၊ပဇ္ဇောတာရုံကျောင်းတိုက်၊မုံရွာ။
တိပိဋကနိကာယကျောင်းတိုက်၊မိုးမိတ်ကုန်းမြေ၊မင်းကွန်း၊စစ်ကိုင်း။
၁၃၄၉-ခု၊(၄၀)ကြိမ် သက်တော်(၂၀)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၆၂-ခု၊(၅၃)ကြိမ် သက်တော်(၃၃)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။
==================================
၁၀။ အရှင်သုန္ဒရ(မြိုင်)၊တူးမောင်းတိုက်၊ ဆရာတော်ကျောင်း၊အမရပူရ။
စွန်းလွန်းဂူ ၀ိပဿနာကျောင်းတိုက်။သင်္ကန်းကျွန်း။
၁၃၃၆-ခု၊(၂၈)ကြိမ် သက်တော်(၁၉)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၆၅-ခု၊(၅၆)ကြိမ် သက်တော်(၄၈)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။
===================================
၁၁။ အရှင်ဣန္ဒပါလ(ရခိုင်ပြည်နယ်၊ ရမ်းဗြဲ) တိပိဋကနိကာယကျောင်းတိုက်၊မိုးမိတ်ကုန်းမြေ၊မင်းကွန်း၊စစ်ကိုင်း။
တိပိဋကကျောင်းတော်၊စကားဝါလမ်း၊ဒဂုံမြို့နယ်။
၁၃၄၅-ခု၊(၃၆)ကြိမ် သက်တော်(၂၂)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၆၅-ခု၊(၅၆)ကြိမ် သက်တော်(၄၂)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။
===================================
၁၂။ အရှင်အဘိဇာတာဘိဝံသ(၀က်လက်) မဟာသုဗောဓာရုံကျောင်းတိုက်၊စစ်ကိုင်း။
၁၃၅၇-ခု၊(၄၈)ကြိမ် သက်တော်(၂၇)နှစ်တွင် စတင်ပြန်/ဖြေရာ ၁၃၇၁-ခု၊(၆၂)ကြိမ် သက်တော်(၄၂)နှစ်တွင်"တိပိဋကဓရ တိပိဋကကောဝိဒ"ဘွဲ့ ရရှိသည်။
===================================
၁၃။တိပိဋကဓရ တိပိဋကကောဝိဒ ဘဒ္ဒန္တ္ကဣန္ဒာစရိယ (ရခိုင်ဆရာတော်) ရန်ကုန် တိ-နိကျောင်းတော် (စကားဝါလမ်း)တိုဖြစ်ပါသည်။
မှတ်ချက်။ ။ ဓာတ်ပုံ(၁၂)ပါးသာဖော်ပြနိုင်သေးသည်။ ၁၃ပါးမြောက်ဆရာတော်အကြောင်း ရှာဖွေတင်ပြပါမည်။

Sunday, January 12, 2014

ဗုဒ္ဓဘာသာ နှင့် အစ္စလမ်ဘာသာ ခြားနားမှုများ


 

အမှတ်စဉ် ၁)
=======
အစ္စလမ်ဘာသာ က ထာဝရဘုရား ရှိတယ်။ ထာဝရဘုရားကို ယုံကြည်တယ်။ အစ္စလမ်အပါအ၀င် ဖန်ဆင်းရှင်ဝါဒဘာသာအားလုံးတိုင်းဟာ ကိုးကွယ်ယုံကြည်မှု ဘာသာတရားများဖြစ်ကြပါတယ်။ ကမ္ဘာ့ ဘာသာတိုင်းဟာ မိမိတို့ 
၏ဘာသာ ၀ါဒမှအမှန်တရားဖြစ်တယ်၊ အခြားသောအယူဝါဒအားလုံး အမှန်မဟုတ်ဟု ဆိုကြပါသည်။


အမှတ်စဉ် ၁)
=======
ဗုဒ္ဓဘာသာ က ထာဝရဘုရားဆိုတာ အမှန်တကယ်မရှိသလို၊ မယုံကြည်ပါဘူး။ ဗုဒ္ဓဘာသာဟာ ယုံကြည်မှုမျိုး မဟုတ်ဘဲ
မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမ ကိုလိုက်နာကျင့်သုံးခြင်းသာလျှင်ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဘာသာပေါင်းများစွာ ရှိတဲ့အနက် ဗုဒ္ဓဘာသာ တစ်ခုတည်းသာလျှင် မျက်ကန်းယုံကြည်မှုမျိုးကို အားမပေးတဲ့ဘာသာဖြစ်ပြီး၊ ဗုဒ္ဓကိုယ်တော်တိုင် မိမိရဲ့ တရားများကို မည်သူမဆို အစမ်းသပ်ခံခွင့်ပေးထားတဲ့ တစ်ခုတည်းသော
ဘာသာတရားဖြစ်ပါတယ်။ ဗုဒ္ဓက ( ကိုယ်တိုင်ကျင့်လို့ ၊ ကိုယ်တိုင်သိမြင်၊ ကိုယ်တိုင်ကောင်းကျိုးကိုခံစား၊ ကိုယ်ပိုင်အသိဥာဏ် )ဖြင့် စိစစ်ဝေဖန်ပိုင်ခြားပြီးမှ ယုံကြည်တာမျိုးကိုသာလျှင် လက်ခံခဲ့ပါတယ်။
ဗုဒ္ဓက ငါ၏ ဘာသာကိုသာ ကိုးကွယ်ကြ၊ အခြားမည်သည့် ဘုရားရှင်၊ မည်သည့်ဘာသာတိုင်းကို လုံးဝမကိုးကွယ်ရဘူးလို့  မည်သည့်ကျမ်းဂန်၊ မည်သည့်နှုတ်ခပတ်တော်များမှာမှ ပြောဆိုထားခြင်းမရှိတဲ့ သန့် စင်တဲ့ဘာသာဖြစ်ပါတယ်။
ကမ္ဘာ့ ဘာသာကြီး ၄ ခုမှာ ထာဝရဘုရားကိုမယုံကြည်တဲ့ ဘာသာဆိုလို့  ဗုဒ္ဓဘာသာ တစ်ဘာသာပဲ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဘာသာတရားပြန့် ပွားရေးအတွက် လုပ်ဆောင်ကြတဲ့နေရာမှာ သွေးလုံးဝမစွန်းတဲ့ ဘာသာကိုလက်ညှိုး
ထိုးပြပါဆိုလျှင် ဗုဒ္ဓဘာသာ တစ်ခုတည်းသာရှိပါတယ်။

အမှတ်စဉ် ၂)
=======
အစ္စလမ်ဘာသာ က ကမ္ဘာဦးအစလူသားဟာ ယောက်ျားဖြစ်ပြီး အမည်မှာ အာဒံ ဖြစ်သည်ဟု ယုံကြည်တယ်။
အစ္စလမ်ဘာသာမှာ အာဒံရဲ့ နံရိုးတစ်ချောင်းကနေ ဟောင်ဝါ ကိုဖန်ဆင်းတယ်လို့ ယုံကြည်ကြတယ်။ ကမ္ဘာဦးအစမှာ
လူသားရယ်လို့ စတင်ဖြစ်ပေါ်ကတည်းက အာဒံ နဲ့ ဟောင်ဝါ (ဧ၀) နှစ်ဦးတည်းရှိတယ်လို့ ယုံကြည်ယူဆကြပါတယ်။
ဆိုလိုတာက ကမ္ဘာဦးအစမှာ တစ်ကမ္ဘာလုံးမှာမှ လူသား နှစ်ဦး တည်းရှိတယ်လို့ ယုံကြည်ယူဆကြပါတယ်။

အမှတ်စဉ် ၂)
=======
ဗုဒ္ဓဘာသာ ဟာ ကမ္ဘာဦးအစလူသားတွေထဲမှာ ဣထိယမိန်းမသဏ္ဍန်က ဦးစွာဖြစ်ပေါ်တယ်လို့  ယုံကြည်ပါတယ်။
ပြီးတော့ ဗုဒ္ဓဘာသာမှာ ကမ္ဘာဦးအစ၊ ကမ္ဘာကြီးစတင်ဖြစ်ပေါ်ပြီး လူတွေနေထိုင်လို့ ရပြီဆိုကတည်းက ဗြဟ္မာ့ပြည်ကနေ စုတေပြီးဆင်းသက်လာတဲ့ လူသား တွေဟာ ဘယ်လောက်တောင်များပြားသလဲဆိုရင် ကမ္ဘာနဲ့ အပြည့်ရှိကြပါတယ်။ အခု ကမ္ဘာပေါ်မှာ လူဦးရေဟာ သန်းပေါင်းများစွာ ရှိပါတယ်။ ကုဋေပေါင်း များစွာ ရှိကြပါတယ်။ ဘယ်လောက်တောင် လူတွေများပြားကြသလဲဆိုရင် လူတစ်ဦးနဲ့  တစ်ဦးရဲ့ ကြားထဲမှာ ကြက်တစ်ကောင် ပျံပြီး ပြုတ်ကျစရာ နေရာမရှိအောင်ကို လူတွေအဲလောက်ထိများပြားကြပါတယ်။

အမှတ်စဉ် ၃)
=======
အစ္စလမ်ဘာသာမှာ ဖန်ဆင်းရှင်၊ တန်ခိုးရှင်၊ ထာဝရအရှင်၊ နတ်ဘုရား (God) ကိုပဲ ကိုးကွယ်ကြတယ်။ လူသားဆိုတာ ထာဝရဘုရား (God) ရဲ့  ဖန်ဆင်းထားတဲ့အရာတွေပဲလို့ ယုံကြည်ကြတယ်။
ဒါကြောင့် ဘယ်အချိန်များ မိမိတို့ ကို ဖန်ဆင်းထားတဲ့ အရှင်ရဲ့ အပြစ်ပေးတာကို ခံရပါ့ မလဲဆိုတာ ကြောက်ရွံ့ စိုးရိမ် နကြရပါတယ်။ မိမိတို့ ကို ဖန်ဆင်းထားတဲ့ အရှင်ရဲ့ အလိုကို အမြဲတမ်းလိုက်လျောကြရပါတယ်။

Monday, September 16, 2013

ငရဲဆိုသည်မှာ

ငရဲဆိုသည်မှာ.... နှင့် ငရဲ၏ ဒုက္ခဆင်းရဲများဟူသည်...
အပါယ်ဟူသည် ပါဠိလို အပါယ (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) မှ ဆင်းသက်လာသည်။ အပါယ် လေးဘုံဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ရှိလေသည်။

 
ငရဲ အမျိုးအစား (၈) မျိုး ရှိလေသည်။
၁) သိဉ္စိုး ငရဲ၊
၂) ကာဠသုတ် ငရဲ၊
၃) သံဃာတာ ငရဲ၊
၎) ရောရုဝ ငရဲ၊
၅) မဟာရောရုဝ ငရဲ၊
၆) တာပန ငရဲ၊
၇) မဟာ တာပန ငရဲ၊
၈) အဝီစိ ငရဲ စသည်ဖြင့် ငရဲကြီး ရှစ်ထပ် ရှိသည်၊

Saturday, September 14, 2013

"မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာ (၃၂) ပါး"

•••••••••••••••••••••••••••••
(www.facebook.com/youngbuddhistassociation.mm)
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ လက္ခဏာ (၃၂) ပါးဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။ ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်၌နေခဲ့သော် စကြ၀တေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာနှစ်ပါးမှတစ်ပါး အခြားအလားအလာမရှိဟု မိန့်တော်မူပါသည်။ ဤလက္ခဏာများရရှိခြင်းသည် ရှေးကာလ၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်အခါက ကောင်းမှုကုသိုလ်ကံများကို ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက္ခဏာ (၃၂) ပါး ကို ဖော်ပြရာ၌ ဤသို့ရရှိသည့်အကြောင်းဖြစ်သော ကုသိုလ်ကံတို့ကို ယှဉ်တွဲဖော်ပြအပ်ပါသည်။

Thursday, September 5, 2013

"ဥပုသ်စောင့်ပုံ အစီအစဉ်"

Myat Soe Min's photo.

****************
"ဥပုသ်စောင့်ပုံ"
---------------

"ဥပုသ်"ဟူသော စကားသည် "ဥပေါသထ" ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကား တည်း၊

"ဥပ+ဝသထ"ဟု ပုဒ်ခွဲ၊ ဥပ=ညစာ မစားခြင်း, သူ့အသက် မသတ်ခြင်း စသော အကျင့်ကောင်းနှင့် ပြည့်စုံ၍၊ +ဝသထ-နေခြင်း၊

ညစာမစားခြင်း သူ့အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍

ဘုရား ဂုဏ်တော်, တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ( ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ

စိတ် စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို "ဥပုသ် စောင့်"ဟု ခေါ်သည်။

Wednesday, August 14, 2013

ပဋိသန္ဓေ ( နှင့်) အမျိုးမတူသော သတ္တ၀ါများ မှ မျိုးပွားခြင်း ဖြစ်မဖြစ်၊ (GENE, DNA & Cross-fertilization)

ပဋိသန္ဓေ ( နှင့်) အမျိုးမတူသော သတ္တ၀ါများ မှ မျိုးပွားခြင်း ဖြစ်မဖြစ်၊ (GENE, DNA & Cross-fertilization) 

===============================================================
(ဤ ပို့ စ်သည် မိတ်ဆွေ ကိုဝိနှင့် ဓမ္မမိတ်ဆွေ များ အတွက် မေတ္တာဖြင့် မျှဝေ ခြင်းဖြစ်ပါသည်)

ဤပိုစ်မှာ

(၁) သိပ္ပံပညာ မှ GENE, DNA, Chromosomes, Proteins, Hereditary, Traits and Cross-fertilization) တို့ ၏ အဓိပါယ် အတိုချုပ်

(၂) ဘုရားရှင်၏ တရားတော် နှင့် ယှဉ်ကြည့်ခြင်း

(၃) အမျိုးမတူသော သတ္တ၀ါများ မှ မျိုးပွားခြင်း ဖြစ်မဖြစ် သိပ္ပံပညာ ၏ ရှင်လင်းချက်။
ဘုရားရှင်၏ တရားတော် နှင့် ယှဉ်ကြည့်ခြင်း

(၄) ဘုရားရှင် ၏ အလောင်းတော် ဘ၀ဇာတ်ကြောင်း နှင့် သိရှိရမည့် ကျင့်စဉ် အနှစ်ချုပ်

ပထမဦးဆုံး- သိပ္ပံပညာ မှာ လက်ရှိ သင်ကြားနေကြရတဲ့ GENE, DNA, Chromosomes, Proteins, Hereditary, Traits and Cross-fertilization) ဆိုတာတွေ ကို အတိုချုပ် အရင်လေ့လာသိရှိစေချင်ပါတယ်။ (ဒါတွေရဲ့ အဓိပါယ်ကို သိရှိပြီးမှ ဘုရားရှင် ရဲ့ တရားတော်နှင့် ယှဉ် ကြည့်ပါက အတူတူ ဖြစ်နေတာကို တွေ့ ကြရမှာပါ။

Monday, July 29, 2013

မြတ်ဗုဒ္ဓ၏ သာသနာ ဒီလိုမြင်ကြတယ်

မြတ်ဗုဒ္ဓ၏ သာသနာကို ဒီလိုမြင်ကြတယ်
ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ်တာနဲ့ ပတ်သက်ပြီး အိုင်စီအေ အာရ်ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် " ရဲ့ မှတ်ချက်ကတော့ ......."..စိတ်ဝင်စားစရာ ကောင်းတာက ရွေးချယ်ရမယ့် စံသတ်မှတ်ချက်များ ချပြလိုက်တာနဲ့ ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ ရဲ့ ဘာသာကို မရွေးချယ်ပဲ ဗုဒ္ဓဘာ သာကိုသာ ရွေးချယ်ကြခြင်းပါပဲ ။ဗုဒ္ဓဘာသာ ဦးရေ အနည်းငယ်သာ ပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကို ရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ် ၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ် ။ ".......တဲ့ ။ အိုင်စီအေ အာရ်ယူအက်စ် အဖွဲ့ ရဲ့ သုတေသန ညွှန်ကြားရေးမှုး " ဂျွန်နာဟာတ် ( Joona Hult )" က ပြောတာကတော့ ....."..ဗုဒ္ဓဘာသာက ကမ္ဘာမှာ အကောင်းဆုံးဆုရတာဟာ ဆန်းတော့ မဆန်းပါဘူး ၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့  ဘယ်လို သာဓက တစ်ခုမှ ရှာမရနိုင်ခြင်းကြောင့်ပါ ၊ စစ်ထဲ လိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါးပါးကို တွေ့ ရဖို့ ဆိုတာ ရှာမှရှားပါပဲ ။ဗုဒ္ဓဘာသာဝင်တွေ ဟာယှဉ်လို့ မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ် ."..........တဲ့ ။ ဒီဆုရွေးချယ်ရတာနဲ့  ပတ်သက်လို့  ဘဲလ်ဖတ်စ်မြို့ က ကက်သလစ် ဘုန်းတော်ကြီး " တက်အိုရှောင်နတ်ဆီ " ပြောတာကတော့ ......".ကျွန်တော်က ကက်သလစ် ဂုဏ်းတော်ကို ချစ်ကြည်ညိုပါတယ် ။ ဒါပေမယ့် ကျမ်းစာထဲမှာ မေတ္တာ ထားကြဖို့ ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ ကျတော့ အလိုတော်အတိုင်း ပြုရတယ် ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန် စိတ်ရှုပ်စေပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ ။"......တဲ့ ။ ပါကစ္စတန်က ဘာသာရေးဆရာ " တာလ်ဘင်ဝါဆတ် " ကလည်း ......".ဒေါသ အမျက်တွေနဲ့  သွေးထွက် သံယို ဖြစ်မှုတွေအတွက် ဗုဒ္ဓဘာသာက အဖြေ ရှာပြီးသားဖြစ်တယ် " .........လို့ မှတ်ချက်ပေးပါတယ် ....။ ဂျေရုဆလင်က ဂျူး ဓမ္မဆရာ " ရှမြူယယ်ဝပ်ဆာစတိန်း" ကလည်း ......."ပွင့်ပွင့်လင်းလင်း ၀န်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော် ကိုးကွယ်တဲ့ ဘာသာအရ ၀တ်ပြုဆုတောင်း မပြုမီမှာ နေ့ တိုင်း ၀ိပဿနာကမ္မဌာန်းထိုင်လာတာ ၁၉၉၃ ကတည်းကပါ ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော် နားလည်ပါတယ် ။".........တဲ့ ။.....ဒါတွေကို အထောက်အကူ သာဓက ပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး ပျက်သုဉ်းရေးကို ဦးတည်နေတဲ့ ဘာသာရေး မဟုတ်ဘူး ၊ စစ်ပွဲတွေ ၊ သွေးထွက်သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက် ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာ ဖြစ်တယ်ဆိုတာ အခြားဘာသာဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ ပါ ။ ( မူရင်းကို အပြည့်အစုံ ကြည့် လိုတယ် ဆိုရင်တော့ ( WWW.sikhpilosophy.net/ ) မှာ အမြဲ လွှင့်တင်ထားပါတယ် ) ....။
( ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း )